Color Theory For Web Design

color-theory-for-web-dseign

ဒီနေ့ ခေတ်အခါအရ ပြောရရင် website ဆိုတာ ဈေးကွက်စီးပွားရေးစနစ်သစ် တစ်ခုဖြစ်နိုင်တယ်လို့ပြောချင်တယ်။ ပြီးတော့ global communication လုပ်နိုင်တယ်ဆိုတာဆိုလို့ website တစ်ခုပဲရှိတယ်။ website တစ်ခုက company ရဲ့ products ၊ company ရဲ့ services တွေကို ကိုယ်စားပြုပါတယ်။ နောက်ပြီးတော့ company ကို customers တွေရဲ့ အထင်ကြီးမှုကိုလည်း ခံယူနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ company ကြီးတော်တော်များများဟာ သူတို့ရဲ့ company ရဲ့ အမှတ်တံဆိပ် logo တစ်ခုရဲ့အရောင် အတွက် ငွေတွေသန်းပေါင်းများစွာ အကုန်ကျခံပြီးတော့ သုံးစွဲလေ့ရှိပါတယ်။ ဘာလို့ ဒီလောက်ငွေပမာဏ သုံးစွဲတာလဲဆိုတော့ အဖြေကရှင်းပါတယ်။ သူတို့ရဲ့ product logo ကို design နဲ့ color ကို (unique) အတုမရှိ ဖြစ်ချင်လို့ပါပဲ။

အဲဒီတော့ website တစ်ခုကို ဖန်တီးတဲ့အခါကျရင် အရေးကြီးတဲ့ အချက်တွေအများကြီးရှိပေမဲ့ ဒီ post မှာတော့ website နဲ့ color အကြောင်းပြောချင်ပါတယ်။ ကျွန်တော်က ပန်းချီဆရာတစ်ယောက်မဟုတ်တော့ color theory အကြောင်းအရမ်းနားမလည်ပါဘူး။ ဒါပေမဲ့ website နဲ့ ပက်သက်ပြီးတော့ color theory အကြောင်းပြောချင်ပါတယ်။

အရောင်တွေမှာ စွမ်းအားကိုယ်စီ ရှိကြပါတယ်။ အရောင်တွေဟာ လူတွေရဲ့ စိတ်ကို ညို့ယူဖမ်းစားနိုင်ရုံသာမက ကိုယ်အမူအရာတွေကိုလည်း ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် website တစ်ခုအတွက် color ရွေးချယ်မှုကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်လာပါတယ်။ website ရဲ့ Themes က Company Logo ပေါ်မှာမှုတည်ပြီးဆွဲကျပါတယ်။ တစ်ခါတစ်လေ ကိုယ်ဆွဲတဲ့ color ကပိုကောင်းသွားတတ်သလို ၊ပိုဆိုးသွားတတ်တာမျိုး ကြုံတွေ့နိုင်ပါတယ်။များသောအားဖြင့် Customer တွေကသူတို့ကြိုက်တဲ့ color တွေနဲ့ ဖန်တီးရေးဆွဲခိုင်းလေ့ရှိပါတယ်။ နောက်တစ်ခုက မြန်မာလူမျိုးတော်တော်များများက ဗေဒင်ယုံကြည်လေ့ရှိကြတယ်။ ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုပေးရင်တောင်မှ သုံးရမယ့် color တွေကို ဗေဒင်ဆရာနဲ့ တိုင်ပင်ပြီးမှ လုပ်ဆောင်လေ့ရှိပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ logo တော်တော်များများနဲ့ logo color တော်တော်များများမှာ အစိမ်း၊ အဝါ၊ အနီသွေး ကိုအများအားဖြင့် ခပ်ပိန်းပိန်း တွေ့ရပါတယ်။ သာမန် Company ရဲ့ Products ဆိုရင်တော့ ပြီးစလွယ် DP သမားတစ်ယောက်ဆီမှာ အပ်ပြီးလုပ်လေ့ရှိပါတယ်။ အနောက်တိုင်းကလို ငွေတွေသန်းပေါင်းများစွာ အကုန်ကျခံပြီး စဉ်းစားလုပ်ကိုင်လေ့မရှိပါဘူး။ ဒါကဘာဖြစ်လို့လဲဆိုတော့ သူတို့ company ရဲ့ budget အရလည်းဖြစ်နိုင်ပါတယ်။ လုပ်ရကောင်းမှန်းမသိတဲ့ knowledge မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် product ရဲ့ logo တစ်ခုလုပ်တော့မယ်ဆိုရင် တတ်သိတဲ့ design ပညာရှင်တွေ logo creator တွေနဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။ အရောင်တွေက Log တွေမှာတင်မကပါဘူး web design ရေးဆွဲတဲ့ အခါမှာ လည်း color တွေဟာ website တွေနဲ့ layout တွေလိုပဲ အရေးပါတဲ့ အပိုင်းမှာ ပါဝင်ပါတယ်။

1.website ပေါ်မှာ color တွေရဲ့ သက်ရောက်မှူ

Website ကိုကြည့်တဲ့ user တစ်ယောက်က website ရဲ့ အကြောင်းအရာတွေကို မကြည့်ခင် website ရဲ့ color နဲ့ အပြင်အဆင်ကို 8 seconds ကနေ 10 seconds လောက်ကြည့် ပြီးမှ သူလိုချင်တဲ့ အကြောင်းအရာကို ဆက်ကြည့်ပါတယ်။ အဲ့ဒီအချိန်မှာ သင့် web pages က အမဲရောင် background မှာ pure အဖြူရောင်စာလုံးတွေနဲ့ ရေးထားရင် စာဖတ်သူရဲ့ မျက်စိကိုစူးစေပါတယ်။ နောက်ပြီး ပိုပေါ်လွင်စေချင်လို့ အပြာရောင်၊ ပန်းဆီရောင်၊ အစိမ်းရောင်တွေသုံးရင်တော့ သင့်ရဲ့ website ကိုကြည့်ဖို့ဆိုတာ 30% လောက်တောင် မဖြစ်နိုင်တော့ပါဘူး။ User ကသင့်ရဲ့ data တွေက သူအတွက် လိုအပ်ရင်တော့ ကြည့်လိမ့်မယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် website တစ်ခုကိုဖန်တီးတဲ့ အခါမှာလိုက်နာရမယ့် အချက်တွေရှိပါတယ်။

  • website ရဲ့ color က user ကိုဆွဲဆောင်မှုရှိရပါမယ်။
  • Relaxed And Comfortable ဖြစ်ရမယ်။
  • Safe And Secure လည်းဖြစ်ရမယ်။
  • No Confuse and ambiguous (စိတ်မရှုပ်ထွေးစေရန်နှင့် အဓိပ္ပါယ်နှစ်ခွမဖြစ်စေရန်) တို့ဖြစ်ပါတယ်။

ဒါကြောင့် website တစ်ခုကို create မလုပ်ခင်မှာ color အကြောင်းကို အခြေခံနားလည်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ကဲ color တွေအခြေခံသဘောတရားတွေကို ရှင်းပြထားပါမယ်။

Warm Color (နွေးထွေးမှုရှိတဲ့အရောင်)

နွေးထွေးတဲ့ အရောင်တွေက အဝါရောင် ၊ လိမ္မော်ရောင် ၊ အညိုရောင် ၊ စိမ်းဝါရောင် ၊ နီလိမ္မော်ရောင် တွေကိုအခြေခံပါတယ်။ Warn Color တွေက စိတ်ကိုလှုပ်ရှားစေတယ် ၊ ရန်လိုစေတဲ့သဘောကို ဆောင်ပါတယ်။ ဒါကြောင့်မသုံးမဖြစ်သုံးရမယ်ဆိုရင်တောင် Warn Color ကို အနည်းငယ်ကိုသာ သုံးစေချင်ပါတယ်။

Intermediary colors (ကြား အရောင်)

Purples နှင့် greens Color တွေကတော့ Warn Color လည်းမဟုတ်သလို Cool Colorလည်းမဟုတ်ပါဘူး၊ Red Color နှင့် Orange Color များသွားရင်  Warn Color ဖြစ်သွားပြီးတော့ Blue Color များရင်တော့ Cool Color ဘက်ကိုပြောင်းသွားပါတယ်။

Cool colors (အေးမျှသောအရောင်)

Cool colors တွေကတော့ on blues, greens, pinks, purples, blue-greens, magentas, and blue-reds ပေါ်မှာအခြေတည်ပါတယ်။ Cool colors တွေက Design ဆွဲတဲ့ အခါ ငြိမ်တယ်၊ Cool color ကိုများများ သုံးနိုင်တယ် ဘာမှ Shock မရှိနိုင်ပါဘူး။

Neutral Colors (မနုလွန်း မရင့်လွန်းသော အရောင်)

Neutral Colors တွေမှာ white, black, gray တို့ကိုပြောတာပါ ဒါပေမယ့် Neutral Colors တွေမှာ Gray Color ပမာဏပိုများတယ်။ Neutral Colors တွေက Background ခံသုံးရင်အကောင်းဆုံးလို့ပြောလို့ပြောလို့ရတယ်။ Neutral Colors တွေက warm colors ကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

Multi-color (အရောင်ပေါင်းစုံ)

Multi-color သုံးထားတဲ့ Site တွေမှာ user visiting တွေ အချိန်အရမ်းနည်းပါတယ်။ အရောင်ပေါင်းစုံအောင်သုံးထားတော့ user မျက်စိနှောက်ပြီး ဆက်ကြည့်ချင်စိတ် ကုန်ခန်းတက်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် web site မှာ ရောင်တွေ အများကြီးသုံးမဲ့ အစား 2 colors, 3colors လောက်နဲ့ လှအောင်သုံးစေချင်ပါတယ်။

Color Harmony (လိုက်ဖက်အရောင်)

အရောင်တွေအများကြီးသုံးတာ user ကိုစိတ်ကိုရှုပ်ထွေးစေတက်သလို အရောင်နည်းနည်းလေးသုံးထားချင်းကလည်း user ကို ပျင်းရိစေပါတယ်။ web page တစ်ခုမှာ different color တွေကို တက်နိုင်သမျှ လျှော့ချကြည့်ပါနောက်ပြီး Cool Color နဲ့ Warn Color တွေကို လွန်လွန်ကဲကဲကြီးတွဲမသုံးမိပါစေနဲ့ ။ဒါကြောင့် အရောင်တွေသုံးရင် အရမ်းလည်းအများကြီးမဟုတ်သလို အရမ်းမနည်းလွန်းစေပဲ Balance ဖြစ်အောင်သုံးသင့်ပါတယ်။

Computer Color Display

Computer Monitor တွေမှာ Red, Green နဲ့ Blue အရောင်သုံးရောင်ကိုသုံးပြီး Color ကို Monitor ပေါ်မှာဖေါ်ပြစေပါတယ်။ အဲဒါကို RGB Colors လို့လည်းခေါ်နိုင်ပါတယ်။ Monitor မှာပေါ်တဲ့ အခြား Colors တွေကRGB Colors ကို ပေါင်းစီးပြီးရလာတာဖြစ်တယ်။ ပြီးတော့ RGB Colorဟာ Printing Colors တွေနဲ့ လုံးဝမတူတဲ့ အတွက် RGB Color ကို Printing တွေမှာသုံးလို့မရပါဘူး။

Web Color

Web မှာ ပြဿနာတက်တာကတော့ website တွေက ခင်ဗျားတို့ဆွဲလိုက်တဲ့ Color အတိုင်း မှန်ကန်စွာ မပြပေးနိုင်တာပါပဲ။ ဘာလို့မပြနိုင်လည်းဆိုတော့ bit-depth တွေကြောင့်ဖြစ်ပါတယ်။Bit Depth ဆိုတာက User တစ်ယောက်ချင်းစီရဲ့ Computer တိုင်းမှာရှိတဲ့ display setting ချိန်ညှိထားတဲ့ အပေါ်မှာမတူညီချင်းဖြစ်ပါတယ်။ အဲဒိ display setting မတူညီချင်းက Alternative colors (သမားရိုးကျ မဟုတ်တဲ့ Color) နဲ့ Color Shifting (အရောင်တွေပြောင်းလဲချင်း) အချက်တွေဖြစ်နိုင်ပါတယ်။ web site ကိုလာကြည့်သူရဲ့ Display Setting Colors က အရောင်တွေကိုကောင်းစွာပုံဖေါ်ပေးနိုင်ရင်တောင်မှ Gamma စက်ချွတ်ယွင်းမှုအခြေအနေကြောင့် Colors တွေကိုပျက်စီးစေတက်ပါတယ်။ ဒီပြဿနာတွေကြောင့် အနုပညာရသပျက်လောက်အောင့် ဆိုးဆိုးရွားရွားဖြစ်ရုံသာမက Visitor တွေရဲ့ အာရုံစူးစိုက်ချင်းကိုပါရော့နည်းစေတယ်။ ဒီနေ့ခေတ်နည်းပညာအရ web trend မှာ color management လိုအပ်ချက်တွေပိုမိုမြင့်မားလာနိုင်ပါတယ်။

Browser-safe palette

Mac OS, UNIX, နဲ့ Windows Web Browsers တွေနဲ့လိုက်ရောညီထွေ safe ဖြစ်နိုင်တဲ့ Colors palette 216 ပဲရှိပါတယ်။ဒါပေမယ့် ဒီနေ့ခေတ် Computer တွေကို millions of colors အရောင်ပေါင်းသန်းပေါင်းများစွာကိုဖေါ်ပြပေးနိုင်ပါတယ်။ ခင်ဗျားရဲ့ web site ကို Visitors တွေက 256 color computer နဲ့ကြည့်လိမ့်မယ်လို့ထင်ရင်တော့ browser-safe palette of 216 colors ကိုသုံးသင့်ပါတယ်။ အရောင်အနုအရင့်ကိုလိုက်ပြီး အဓိက color palette (2)နှစ်မျိုးကနေ (3)သုံးမျိုးသုံးတာက ခင်ဗျား web site ကိုပိုမို ဆွဲဆောင်နိုင်မှုရှိပါတယ်၊ဒိအပြင် Color palette ကိုအနည်းငယ်သုံးဆွဲချင်းက Images တွေရဲ့ File Size ကိုသေးစေရုံမကပဲ Loading Time ကိုလည်းမြန်ဆန်စေပါတယ်။ ဒါကြောင့် Color palette ကို limited လုပ်ပြီးသုံးမလား ဖေါဖေါသီသီ သုံးမလားဆိုတာ ခင်ဗျားကိုယ်တိုင်ပဲဆုံးဖြတ်ပါ။

Text Colors

Background color နဲ့ text color ကိုရွေးချယ်တဲ့နေရာမှာ အလွန်သတိထားရွေးချယ်ရပါမယ်။ စာသားတွေစာလုံးတွေ အလွယ်တကူဖတ်နိုင်စွမ်းရှိရန် လိမ္မာပါးနပ်ဖို့လိုပါတယ်။ Background color က အမှောင်ရောင်ဖြစ်ပြီး text စာသားက အလင်းဘက်ပါသော အရောင်နဲ့ ဆိုရင်ဒီစာလုံးကိုကောင်းစွာမြင်နိုင်ပါတယ်။ အဖြူနဲ့ အမဲ က အမြဲတမ်း အကောင်းဆုံးလိုက်ဖတ်ညီသောအတွဲဖြစ်ပါတယ်။ အနီရောင်နဲ့ အပြာရောင်က hight light color တွေထဲမှာတော့ အကောင်းဆုံး Colorတွေဖြစ်တယ်။ ဒါပေမယ့် Black Color Background မှာ Warn Color text တွေရေးရင်တော့ ဖတ်ရတဲ့ User တွေမျက်စိစူးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

Color Chart

နိုင်ငံတစ်ကာနဲ့ ဆက်ဆံရတဲ့ အခါမှာ Color ရဲ့ အဓိပ္ပါယ်လေးတွေတော့ အနည်းအကျဉ်းသိသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်သိသလောက်ဖေါ်ပြပေးပါ့မယ်။

Blue

အပြာရောင်ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့သိကျတဲ့ အတိုင်းငြိမ်းချမ်း ခြင်းကိုပြောတာပါ။ ဒါ့အပြင် ငြိမ်သက်ခြင်း၊ တည်ကြည်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အားကိုးခြင်း၊ စိတ်ချ ယုံကြည်ခြင်း တို့ကိုလည်း အဓိပ္ပါယ်ဖေါ်ဆောင်ပါသေးတယ်။ အရှေ့အလည်ပိုင်းဒေသတွေမှာဆိုရင် အပြာရောင်ဟာ အကာအကွယ်ပေးနိုင်သောအရောင်အဖြစ်ယုံကြည်ကျတယ်။ အန္ဒိယမှာတော့ Krishna ရဲ့ အရောင်အဖြစ်သတ်မှတ်ကျပါတယ်။ မြန်မာပြည်မှာတော့ ဗေဒင်ယုံကြည်တဲ့ သူတွေက အပြာရောင် Blue Color ကိုတော်တော်များများရှောင်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ Company ကြီး ပြာယာခတ်နေ မှာဆိုးလို့ဆိုပြီးအပြာရောင်ကိုမကြိုက်တက်ကျပါဘူး။ ကျွန်တော့်လက်တွေ့ပါ :)

Black

အနက်ရောင်ဟာ စွမ်းအားတွေ၊ ခန်းနားခြင်းတွေ၊ခံညားခြင်းတွေကိုပိုင်ဆိုင်နိုင်ရုံသာမက ဆန့်ကျင်ဘက်ဖြစ်တဲ့ ကြောက်ရွံ့ခြင်း၊ ပူပင် ခြင်း၊ လပ်တိပခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ နှင့် သေမင်းရဲ့အရောင်ဟုတင်စားခေါ်ဝေါ်လေ့ရှိကျပါတယ်။ USA မှာတော့ အနက်ရောင်ဟာ ဝမ်းနည်းကြေကွဲချင်းအထိမ်းအမှတ်ကိုဖေါ်ပြလေ့ရှိကျပါတယ်။

Green

အစိမ်းရောင်ဟာ သဘာဝတရား၊ ကျန်းမာခြင်း၊ ကံကောင်းခြင်း၊ အားသစ်မာန်သစ် နိုးကြွလာခြင်း၊ လူသစ်စိတ်သစ် ဖြစ်လာခြင်း၊ ငယ်ရွယ်နုပျိုခြင်း ၊ အသက်ရှည်နိုင်စွမ်းရှိခြင်း၊ မြူးကြွသွက်လက်ပေါ့ပါးခြင်း၊ရက်ရောမှု။ စေတနာကောင်းခြင်း၊ ပေးကမ်းစွန့်ကြဲတတ်ခြင်း၊မနာလိုခြင်း တို့ကို အဓိပ္ပာယ်ဖေါ်ဆောင်ပါတယ်။ အန္ဒိယမှာတော့အစိမ်းရောင်ဟာ မွတ်စလင် ဘာသာတွေရဲ့ရောင်ဖြစ်ပါတယ်။ Ireland အိုင်ယာလန်မှာတော့ Catholic ဘာသာဝင်တွေအတွက်ကိုယ်စားပြုပါတယ်။ ကမ္ဘာ့အပူပိုင်းဒေသတွေမှာအစိမ်းရောင်ဟာအန္တရယ်နဲ့ ဆက်နွယ်လေ့ရှိတယ်လို့ ယူစလေ့ရှိပါတယ်။

Orange

လိမ္မော်ရောင်ဟာ စွမ်းအား၊ ဟန်ချက်ညီခြင်း၊ အပူ၊ စိတ်အားထက်သန်မှု၊ တက်ကြွမှု၊ ချက်ချာခြင်း၊ အသက်ပါခြင်း၊ ဝင့်ကြွားခြင်း၊ Ireland အိုက်ယာလန်တွင် လိမ္မော်ရောင်ဟာ ပရိုတက်စတင့်ဂိုဏ်း(Protestant)  ကိုကိုယ်စားပြုပါတယ်။

Purple

ခရမ်းရောင်ဟာ တော်ဝင်အရောင်လို့တင်စားခေါ်ဆိုကျတယ်။ နောက်ပြီး စိတ်ဓတ်ကိုမြင့်တင်စေနိုင်ခြင်း၊ မြင့်မြတ်ခြင်း၊ ကိန်းကြီးခန်းကြီးနိုင်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ ပုံစံပြောင်းခြင်း၊ အမြော်အမြင်ရှိခြင်း၊ ဉာဏ်အလင်းရစေခြင်း၊ အသိကြွယ်စေခြင်း၊ သိမြင်ရှင်းလင်းစေခြင်း တို့ကိုဖေါ်ဆောင်ပါတယ်။ ဗေဒင် အနေနဲ့ကြည့်မယ်ဆိုရင် ခရမ်းရောင်က လာဘ်အရောင်ဖြစ်တယ်လို့ယူစကျတယ်၊ ခရမ်းရောင် ပိုက်ဆံအိတ်ဖြစ်ဖြစ်၊ ခရမ်းရောင်ကျောက်ဖြစ်ဖြစ်ဆောင်ထားရင် လာဘ်ကောင်းတဲ့ အပြင် ငွေကိုပါဆွဲဆောင်နိုင်စွမ်းရှိတယ်။

Red

အနီရောင်က ချစ်ခြင်း၊ အန္တာရယ်ရှိခြင်း၊ လိုအင်၊ ဆန္ဒ၊ တောင့်တမှု၊ လျင်မြန်ခြင်း၊ ကြံ့ခိုင်ခြင်း၊ ခွန်အား အင်အား ပြည့်ခြင်း၊ ကြမ်းကျူပ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ တရုတ်လူမျိုးတွေကတော့ အနီရောင်ကို အခန်းအနားတွေပွဲတွေ နဲ့ ကံကောင်းစေခြင်း အဓိပ္ပါယ်ကိုဖေါ်ဆောင်ရင်သုံးလေ့ရှိကျပါတယ်။ တရုတ်တွေကအနီရောင်ကို အသုဘအခန်းကအစ မင်္ဂလာဆောင်အဆုံး အနီရောင်ကိုအသုံးပြုလေ့ရှိကျပါတယ်။ အန္ဒိယမှာတော့ အနီရောင်ကို စင်ကြယ်ခြင်းအထိမ်းအမှတ် အဖြစ် မင်္ဂလာဆောင်တွေမှာ အသုံးပြုလေ့ရှိကျပါတယ်။

White

အဖြူရောင်ကို စင်ကြယ်ခြင်း၊ သန့်စင်ခြင်း၊ အပြစ်ကင်းရိုးသားခြင်း၊ ငြိမ်းချမ်ခြင်း၊ နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း၊ မွေးဖွားခြင်း၊ ငယ်ရွယ်နုပျိုခြင်း၊ ကောင်းမွန်ခြင်း၊ အိမ်ထောင်ပြူခြင်း၊ တို့မှာ အသုံးပြုလေ့ရှိကျပါတယ်။ ဂျပန်လူမျိုးတွေကတော့ ဇော်မွှားပန်းအဖြူရောင် (white carnations) ကို သေခြင်းရဲ့ လက္ခဏာအဖြစ် အသုံးပြုလေ့ရှိပါတယ်။ အနောက်တိုင်းမှာတော့ အေးစိမ့်ခြင်း နှင့် ဆုတ်ယှတ်ခြင်းရဲ့ အမှတ်အသားဖြစ်ပါတယ်။ အမေရိကန်မှာတော့ အဖြူရောင်ကို အပျိုစင်တွေအဖြစ် ကိုယ်စားပြူပါတယ်။

Yellow

အဝါရောင်က ပျော်ရွှင်ခြင်း၊ ယုံကြည်မှု ရှိခြင်း၊ စိတ်ကူးယဉ်ခြင်း၊ စိတ်ကူးစိတ်သန်းရှိခြင်း၊ မျှော်လင့်ခြင်း၊ နေရောင်ခြည် တို့ကို ကိုယ်စားပြုပါတယ်။ အာရှတိုက် မှာတော့ အဝါရောင်ကို အထွတ်အမြတ်ထားခြင်း နှင့် မြင့်မြတ်ခန်းနားခြင်း အရောင်အဖြစ် အသုံးပြုလေ့ရှိကျပါတယ်။

Web site တစ်ခုကို အရင်ကကြည့်ခဲ့ ဘူးတယ်ဆိုပါဆို့ ဒါပေမယ့်ခင်ဗျားနည်းနည်းမေ့တေ့တေ့ဖြစ်နေမယ်ဆိုရင် web site ရဲ့ Name, Address, URL, ဘာအမျိုးအစားဆိုတာမသိတောင်၊ ခင်ဗျား Color ကိုတော့ မှတ်မိနေလိမ့်မယ်။ “အဲဒီ web site လေးက အပြာရောင်နုလေးနဲ့ဗျာ…”  ဒါမှမဟုတ် “ အဲဒီ web sie လေဗျာ လိမ္မော်ရောင်လေး နဲ့လေ” ဆိုပြီး အရောင်ကို မှတ်သားပြီးပြောလေ့ရှိကြပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် Color တွေဟာ တစ်ခြားအကြောင်းအရာတွေထက် မှတ်မိလွယ်စေတဲ့တက်သဘောရှိတယ်၊ ဒါကြောင့် အရောင်တွေက web design ဆွဲတဲ့ခင်ဗျား အတွက် စွမ်းအားရှိတဲ့ လက်နက်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။

Internationalတွေအတွက်web site ဆွဲပြီးဆိုရင် Web site ရဲ့ Color က first impression ဖြစ်တဲ့ အတွက် အထက်မှာဖေါ်ပြထားတဲ အချက်တွေနဲ့ နှိုင်းယှဉ်ပြီး သေချာဆုံးဖြတ်ချက်ချနိုင်ပါစေဗျာ။

My name is chan min maung and my close friends call me phoe chan.Phoe chan is a one of the top professional web designers in Myanmar.Phoe chan was born in Myanmar West Bago Division,Pyay Town in 1983 .Phoe chan had got A.G.T.I (Information Technology) in Pyay Technological University.Phoe chan had created many tutorials such as Adobe Photoshop, Adobe Flash, Adobe Dreamweaver, HTML, XHTML, CSS, Javascript, PHP, WordPress, Joomla,CMS,web hosting service and web developement. Phoe chan is love the design and knowledge sharing.That is his hobby.

Tags: , ,

13 Responses to “Color Theory For Web Design”

  1. Neo 18. Mar, 2009 at 6:00 am #

    Damn it! I’ve to learn a lot of things form u. Nice theory, Dude. Keep coming.

  2. kozeyar 18. Mar, 2009 at 11:22 pm #

    အရေးအသားတွေ ကောင်းလာဘီ…
    နောက်ပီး တကယ်လိုအပ်တဲ့ အရောင် အကြောင်းတွေပဲ

    ရဲဘော်ဆက်လုပ် …
    Cheers!

  3. strangemask 28. Mar, 2009 at 5:33 am #

    web design ကို လေ့လာနေသူတွေ၊ web designer တွေအတွက်တော့ အမှန်တကယ် အသုံးဝင်တဲ့ post လေးပါ

  4. haymaroo 30. Mar, 2009 at 1:37 am #

    thanks alots for sharing this knowledges.
    that’s so valuable theory for me.
    thanks alots brother
    Hay mar oo

  5. Walone 22. Apr, 2009 at 2:19 am #

    Hello,

    Phoe Chan,
    Could i suggest you regarding with your post?

    I think you should add some references if you translate from other so that you would get more reliability from your audiences( your site’s visitors).

    This post is very useful who would like to be web/graphic designer.

    Best Regards,
    Walone

  6. Phoe Chan 22. Apr, 2009 at 11:56 pm #

    ကိုဝလုံးရေ ကျွန်တော်နောက်တစ်ခါ Post တွေရေးရင် Reference လုပ်တဲ့ Site တွေကိုဖေါ်ပြပေးပါ့မယ် အခုဟာက ကျွန်တော် သိတာတွေနဲ့ ပေါင်းရေးထားတာပါ။ Google မှာလည်း
    Color Theory For Web Design ဆိုရင် ရနိုင်ပါတယ်။ အခုလို Blogger Ethic ကိုမမေ့အောင် ထောက်ပြ အကြံပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

  7. sawgangster 07. May, 2009 at 6:20 am #

    မိုက်ပါတယ်…
    လင့်ပေးရင် ပိုကောင်းပါတယ်ခင်ည…

  8. phyo phyo 18. May, 2009 at 6:00 am #

    ကိုဖိုးချမ်း ရဲ့ blog ကစိတ်ဝင်စားဖို့ကောင်းပါတယ်။color တွေအကြောင်းလည်း ရှင်းပြထားတယ် ၊ ညီမက photoshop လေ့လာနေသူပါ။ဒါကြောင့်မို့ ဒီ blog ဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။
    အစ်ကို ဒီထက်မက တိုးတက်အောင်မြင်ပါစေ။

  9. coe coe 23. May, 2009 at 6:30 am #

    Maung lay blog ka so so!!

  10. Min Thu 23. Jun, 2009 at 8:36 pm #

    Great bro, you explained about colors. you should have also sample colors (screenshots or color boxes) for each color types to have better understanding. Just color names are not enough.

  11. Pascal 29. Nov, 2009 at 12:02 am #

    Related post at MWD http://bit.ly/84U9sq keep on nice article :)

  12.ဲMyat Min Naung 02. Mar, 2010 at 8:08 pm #

    Thank you for your knowledge sharing. You are genius indeed.

  13. manawphyulay 23. Aug, 2010 at 3:05 am #

    so good. Nice site!

Leave a Reply