About Me

ကျွန်တော်ကတော့ တခြား Blogs တွေမှာတွေ့ရသလို ကျွန်တော့်နာမည် ဖိုးချမ်း ပါနေတာကတော့ ပြည်မှာနေပါတယ် မွေးတာကတော့ ဆင်ဖြူကျွန်းကပါ ခုလောလောဆယ်တော့ ရန်ကုန် မှာနေပါတယ် အသက်ကတော့ ၂၅တင်းတင်းပြည့်တော့မယ် ဘာညာဆိုပြီး ရေးမနေချင်ပါဘူး။ဘာလို့ကိုယ့်အကြောင်းကို လူတွေကိုလျှောက်ပြောနေမလဲ သူများကဖတ်ချင်မှန်းမသိ၊မဖတ်ချင်မှန်းမသိ နော့လေဟုတ်ဘူးလား။ နောက်ပြီးရှိသေးတယ် တချို့လူတွေရေးထားတာပြောပါတယ်“ကျွန်တော်ကတော့ ဆယ်တန်းမှာ ဂုဏ်ထူး ၂ခုပါတယ်။ အခုတက်နေတာက ရေကြောင်းတက္ကသိုလ်တက်နေပါတယ် စသဖြင့်ပေါ့ဗျာ။” ကျွန်တော်ကတော့ ကိုယ့်ဂုဏ်ကိုဖေါ် မနေချင်ပါဘူး “ကျွန်တော် ၁၀တန်းအောင်တုန်းက သင်္ချာဂုဏ်ထူး ထွက်တယ်ဆိုတာ ပြောပြီးဘာလုပ်မလဲ နော့လေဟုတ်ဖူးလား။ဆယ်တန်းပြီးတော့ G.T.C တက်တယ်လေ Major က IT Major နဲ့ B.Tech ရောက်တော့ ကျောင်းထွက်လိုက်တယ် စသဖြင့်ပေါ့ဗျာ ဘာလို့ ကိုယ့် ဂုဏ်ကိုဖေါ်မသူတော် လုပ်မနေချင်ပါဘူး နော့လေဟုတ်ဖူးလား။နောက်ပြီးရှိသေးတယ် တချို့များ ရည်းစားတွေဘာတွေအကြောင်းရေးကျတယ်။ ကျွန်တော့်မှာ ရီးစားရှိတာဘာလို့ လျှောက်ပြောနေမလဲ၊ ဟီးဟီး ကြွားတာပါ . . . ကောင်မလေးတွေ အထင်ကြီးအောင်လို့ ။ဒီလောက်ဆိုတော်ရောပေါ့ဗျာ . . . လက်ညောင်းနေပြီ . . .