နေ့စဉ်ပွားသမျှ အမှတ်တရများ (၂)

ဒီနေ့တော့ ရုံးမှာ တော်တော်ပွားဖြစ်တယ် ဇတ်လမ်းအစကတော့ ဖုန်းနဲ့စတာ iPhone 4 ပေါ့လေ ဝယ်မယ်မဝယ်ဘူးကနေစတာ တရုတ်ကြီးက မြန်မာပြည်မှာရော ဖုန်းကို plan တွေနဲ့ရောင်းတာလားစမေးတယ် အင်းဘယ်လိုပြောရပါ့ မရှိဘူးပေါ့ ငါတို့စီမှာ SIM Card ဝယ်ရတာ ခတ်တယ်လို့
လိုချင်တိုင်းလည်းမရဘူး ပိုက်ဆံရှိလို့လိုချင်ရင်တေ

ာင် 1လလောက်ကြာတယ်လို့ ပြောတော့ တော်တော်အံသြသွားတယ် သူကပြောတယ် SIM card ကရောတဲ့ ဈေးကဘယ်လောက်လည်း တဲ့ SIM card ဈေး မပြောခင်သူ့ကိုတော့ ခန့်မှန်းခိုင်းသေးတယ် ဘယ်လောက် ထင်လည်းဆိုတော့ပြောပါတယ် စလုံး20 ပတ်ဝန်းကျင်တဲ့လေ သူပြောတာလည်းမလွန်ပါဘူး လွန်တာက ကိုယ့်နိုင်ငံက ဘယ်နှယ့်ဗျာ SIM Card လေးကိုတောင် စလုံး 2100လောက် ပေးရတာလို့ပဲ SIM Card ဈေးလည်းပြောလိုက်ရော မျက်လုံးပါပြူးပြီး ဘုရားပေါင်းစုံတတော့တာပဲ “အိုး အလမား အိုးမိုင်ဂေါ့ဒ် ရှားလား 2100 လောက် ဟော်လာဝေး 2100″ ဟီး . . . အဲဒါကျွန်တော်မှတ်မိသလောက် သူ့ရွတ်သွားတာတွေ ကျန်သေးတယ် မမှတ်မိတော့ဘူး ငါတို့နိုင်ငံမှာ လူတိုင်းမကိုင်နိုင်ဘူး လူလတ်တန်းစားနဲ့ချမ်းသာသူတွေပဲကိုင်တာဆိုတော့ သူလည်းမကြားဘူးတာကြားလိုက်ရပြီး ဗဟုသုတရ သွားတဲ့မျက်နှာပေးလေးနဲ့ ပေကပ်ပေကလပ်နဲ့ ပေါ့။

အဲဒါက တရုတ်ကြီးနဲ့ ပြောနေတာ ပြီးတော့ အိုင်တီ department သွားပြီး ပွားပြန်ပါတယ်။ အစကတည်းကကြိုပြောထားတယ်နော် “စကားအလွန်များသောတနင်းလာသားကျွန်တော်ဆိုတာ” / သွားတာကတော့ အလုပ်အရသွားတာပါ ဟိုမှာကမြန်မာပြည်က အိမ်နီးနာချင်း ကိုမန်ကျီးသီးတွေ (ကုလားများ) ဒီဌာန တစ်ခုလုံးမှာ ကုလားတွေချီပဲ ရှိတာ စကားလည်းအလွန်များလို့ ကောင်းတယ်၊ သူဌေးအခန်းနဲ့ဝေးနေလို့လေ။ သူတို့ကိုလည်း ဟိုကောင်လို အံသြသွားအောင် ပြောမပြခင်ဒီကောင်တွေကိုလည်း ခန့်မှန်းခိုင်းသေးတယ်
ဘယ်လောက်ထင်လည်းဆိုတော့ ပြောရှာပါတယ် စလုံး16ကျပ်လောက်ပေါ့တဲ့ ဒါမှမဟုတ်ရင် 12ကျပ်လောက်တဲ့လေ ဟဲဟဲ ဒီတစ်ခါလည်း အကွက်ဝင် သွားတယ် ဒီကောင်တွေအံသြသွားအောင်လုပ်လို့ရပြီလေ သိတယ်မလား ခဏခဏ သူတို့ကို မြန်မာပြည်က အကြောင်းတွေပြောပြီး Surprise တွေလုပ်နေတာ၊ ဒီတစခါလည်း အောင်မြင်သွားတယ် သူတို့လည်း တရုတ်ကြီးလိုပဲ ဘုရားပေါင်းစုံတပြီး အံသြတစ်ကြီးပေါ့လေ။

အဲဒါက ကုလားကြီးနဲ့ပြောတာ အခုကိုယ့်အလှည့် သူကပြောပါတယ် ငါတို့စီမှာ SIM Card ဘယ်လောက်လည်းဈေးပေးရမယ်လို့ထင်လည်းဆိုတော့ ကျွန်တောလည်း ခေသူမှမဟုတ်တာ ဒီက SIM Card ဈေးကို ကုလားဈေးနဲ့ 36 ကျပ်လောက်နဲ့မြောက်လိုက်တယ် ကုလားဈေး 700 လောက်တော့ရှိမှာပေါ့လို့မင်းတို့ငွေနဲ့ဆိုရင်လို့ သူကပြောပါသေးတယ် နည်းနည်း လျှော့ကြည့်တဲ့ကျွန်တော်လည်း သောက်မြင်ကပ်ကပ်နဲ့စလုံးဈေး 10 (ကုလား 300) လောက်တော့ရှိမှာပေါ့ဆိုတော့ မဟုတ်ဘူးတဲ့ ငါတို့စီမှာ စလုံးငွေ ပြာ3း0 (Singapore 30 cent) နဲ့ SIM Card ဆိုတာဝယ်လို့ရတယ်တဲ့ ကျွန်တော့်မှာသူတို့ကို Surprise လုပ်ခဲ့သမျှ ဒီတစ်ခါ ကျွန်တော့် တရုတ်ကြီး လိုပဲဖြစ်သွားတယ် မကြားဘူးတာကြားလိုက်ရပြီး ဗဟုသုတရ သွားတဲ့မျက်နှာပေးလေးနဲ့ ပေကပ်ပေကလပ်နဲ့ ပေါ့။

ဒါတောင်ပြောလိုက်သေးတယ် အဲဒါကိုဈေးကြီးလို့ဆိုပြီ ပွား (duplicate) လုပ်ပြီးသုံးသေးတယ်ဆိုပဲ။ မှတ်သားလောက်ပါပေတယ် မန်ကျီးသီးတိုင်းပြည်ရယ်။

PS. ပြောသေးတယ် သူတောင်စားတွေက လည်းဖုန်းကိုယ်စီရှိသတဲ့ မွန်ဘိုင်းကသူတောင်းစားတွေကဆိုရင် ထမင်းဟင်း နဲ့တစ်ကျပ်စိ ကိုလက်မခံဘူးတဲ့ ဗျ အံရော အံရော လိုပြောရမလိုပဲ။

မြန်မာပြည်မှာနေတဲ့သူတွေ လည်းနောင်မကြာ သောကာလမှာ လူတိုင်း mobile phone လေးကိုယ်စီကိုင်နိုင်ကျပါစေလို့ဆုတောင်းရင်း ;)

ဖိုးချမ်း / 8.7.2010

No comments yet.

Leave a Reply