
ခင်ဗျားက Web Designer ဖြစ်ဖြစ် Graphic Designer ဖြစ်ဖြစ် Professional လိုင်းကိုသွားမယ်ဆိုရင် Color တွေအကြောင်း နားလည်ထားမှ ပိုကောင်းပါမယ်။ ပြီးခဲ့တဲ့ post မှာ Color Theory အကြောင်းပြောထားတော့ Color အကြောင်း ကိုနည်းနည်းတော့ တီးမိခေါက်မိတော့ရှိမှာပါ၊ ဒီတစ်ခါတော့ Color Psychology အကြောင်းပြောမယ်လေ။
History of Color Psychology
Johann Wolfgang Goethe ဆိုသူကတော့ လုတွေရဲ့စိတ် နဲ့ Color ဆက်နွယ်နေမှုကို စတင်တွေ့ရှိသူဖြစ်ပါတယ်။ သူ့ရဲ့ Theory of Colors စာအုပ်မှာတွေမြင်နိုင်ပါတယ်။ 1947 ခုနှစ်မှာတော့ Max Luscher က Johann Wolfgang Goethe ရဲ့ Theory ကိုအခြေခံပြီးတော့နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ Max Luscher ကတော့ Color တွေကို psychiatrists ၊ psychologists ၊ physicians စတဲ့ပညာရှင်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုတွေမှာတော့ အရောင်တွေနဲ့ပတ်သတ်ပြီး သိစိတ်၊ မသိစိတ် တွေနဲ့ စရိုက်လက္ခဏာတွေ၊ ဉာဉ် နဲ့ အခြားသော မြောက်မြားစွာသောစမ်းသပ်မှုတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။ Max Luscher စမ်းသပ်မှုကိုကြီးကြပ်နိုင်ခဲ့တယ်ဆိုပေမယ့် အဲဒီ စမ်းသပ်မှုက အရမ်းနက်နဲတဲ့ စိတ်ပညာ(psychological test) စမ်းသပ်မှုဖြစ်တာကြောင့် လူတစ်ယောက်ရဲ့ခြင်းရဲ့ပင်ကိုယ် စရိုက်လက္ခဏာတွေအပေါ်မှုတည်ပြီး သတ်မှတ်ချက်တွေ အမြောက်အမြားထွက်ပေါ်နိုင်တယ်ဆိုတာ သိခဲ့ရတယ်။
Color Psychology
အရောင်တွေက ကျွန်တော်တို့တွေရဲ့ စိတ်ခံစားချက်နဲ့ လှုပ်ရှားခြင်း တွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ ခင်ဗျားဟာ ကမ္ဘာကြီးရဲ့ ဘယ်နားမှာနေနေ ခင်ဗျားတို့ ကျွန်တော်တို့နေထိုင်တဲ့နေရာဒေသရဲ့ ယဉ်ကျေးမှုကိုလိုက်ပြီး အရောင်တွေရဲ့ အဓိပ္ပါယ်က ပြောင်းလဲတက်ပါတယ်။ ဒီနေ့ခေတ်မှာ Psychiatrists ပညာရှင်တွေက Colors က လူတွေရဲ့စိတ်ကိုပြောင်းလဲနိုင်တယ်လို့ အတိအကျ ဖော်ထုတ်ထားသော်လည်း၊ ကျွန်တော်တို့ သူငယ်တန်းလောက်မှာ ကတည်းက သင်ခဲ့ရတာ အနီရောင်ဟာ ရဲရင့်ခြင်း၊ အပြာရောင်ဟာ ငြိမ်းချမ်းခြင်း ဆိုပြီး သိလာရတာ၊ ဒါကြောင့် အနီမြင်ရင် သတ္တိတွေရှိချင်ရင်ရှိလာလိမ့်မယ်၊ အပြာရောင်မြင်ရင် အလိုလို ငြိမ်းချမ်းခြင် ရင်ငြိမ်းချမ်းလာလိမ့်မယ်၊ ဒါပေမယ့် အဲဒါတွေက တကယ့်အရောင်ရဲ့ အဓိပ္ပါယ်တွေ မဟုတ်ဘူး၊ အဲဒါတွေက သတ်မှတ်ချက်တွေပဲ။ နောက်ဆုံးဗျာ ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခုတည်းကျန်ရစ်ခဲ့တောင် အရောင်တွေရဲ့ အဓိပ္ပါယ်နဲ့ သတ်မှတ်ချက်တွေက အချိန်နဲ့အမျှ လိုက်ပြောင်းလဲနေဦးမှာပဲ။ ဆိုလိုတာကတော့ အနီရောင်ကို ရဲရင့်ခြင်းဟု ဒီနှစ်ဒီအချိန်မှာ သတ်မှတ်ပေမယ့် နောင် နှစ်နှစ်ရာလောက်ကျရင်တော့ အနီရောင်က သူရဲဘောကြောင်ခြင်းဖြစ် ရင်ဖြစ်သွားမယ်လို့ပြောချင်တာပါ။ ဒီလိုဆိုရင် အခုခင်ဗျားတို့ သတ်မှတ်ထားတဲ့ အရောင်ရဲ့အဓိပ္ပါယ်တွေနဲ့ ပတ်သတ်ပြီးဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေက အချိန် နဲ့ နေရာဒေသကိုလိုက်ပြီး ပြောင်းလဲနိုင်တယ်လို့ပြောချင်တာပါ။
ဘာကြောင့် ဒီဆန်းစစ်ဝေဖန်ချက်ကအရေးကြီးတာလဲ? ဒါကတော့အရမ်းရိုးရှင်းပါတယ်။ ခင်ဗျားက web site တစ်ခုကိုဆွဲတော့မယ်ဆိုရင် လက်တွေ့ ဘဝ နဲ့ သဘာဝအရောင်တွေကိုပေါင်းစပ်ပြီးဆွဲသင့်တယ်။ပြောချင်တာက အရင်ခေတ်အခါက အနက်ရောင် T-Shirt နဲ့ Shirt တွေကို ဝတ်ဆင်လေ့မရှိကျဘူး၊ ဘာလို့လဲဆိုတော့ အနက်ရောင်က မရဏအရောင်၊ လာဘ်တိတ်တဲ့ အရောင်ဆိုပြီးမဝတ်ကျတာပါ။ ဒါပေမယ့် ဒီနေ့ခေတ်လူငယ်တွေ(Emo, Punk, Rock and Alternative) ကြားမှာ တော့အနက်ရောင်ကို Popular အရောင်အဖြစ်ဝတ်စားဆင်ယင်နေကျတဲ့ ခေတ်မှာ ခင်ဗျားမှာ ဟိုအရင် အယူအစအဟောင်းကြီးတွေကိုလက်ကိုင်ထားပြီး၊ အနက်ရောင် web site ဆွဲရင်ဘာဖြစ်တယ်၊ အနက်ရောင် T-Shirt တွေဝတ်ရင် ဘာဖြစ်တယ်ဆိုတာကြီးကတော့ အောက်နေပြီလို့ပြောချင်တယ်။ အရင်တုန်းက Microsoft Window Xp မှာဆိုရင် Color Theory တွေသုံးပြီးတည်ဆောက်ထားတယ် ဆိုတာ Color Theory နားလည်တဲ့ သူတိုင်း ငြင်းနိုင်မှာမဟုတ်ပါဘူး။ Window XP မှာအပြောရောင်နဲ့ အဖြူရောင်ကို Base ထိုင်ပြီးတော့ ဆွဲလာခဲ့တယ်။ အခု Window Vista နဲ့ Window 7 တွေမှာ Black ကို base ထားပြီး သုံးဆွဲလာကျပါပြီ ဒါက ခေတ်ပြောင်းလာတာကိုရည်ညွန်းနေတာပါ။ Black ကိုတောင်Royal Blackလို့ခေါ်ပြီး၊ Classic Black ဖြစ်အောင်လုပ်လာကျတာပါ။ ကဲဒါဆိုရင် ခင်ဗျားကရော အနက်ရောင်ကိုဘယ်လိုယူစနေဦးမှာလည်း ?
နောက်တစ်ခုက web site တွေဆွဲတဲ့ အခါကျရင် သဘာဝတရာမှာရှားရှားပါးပါးတွေ့ရတဲ့ အရောင်တွေကိုသုံးစေချင်တယ်။ ဥပမာ Gold Shop, Gems and Jewelry Site တစ်ခုကိုဆွဲမယ်ဆိုကျပါစို့ ခင်ဗျားဆွဲနေကျ အဖြူအပြာတွေ၊ အနီအနက်တွေကိုဘေးချိတ်ပြီး၊ လက်တွေ့ကမ္ဘာမှာတွေ့ရခဲတဲ့ ခရမ်းရောင်လိုအရောင်တွေကိုသုံးကသင့်ပါတယ်။ ခရမ်းရောင်က အတုအရောင်သဘောမျိုးနဲ့ပဲတွေ့ရပြီး Gold Shop, Gems and Jewelry Site မှာသုံးမယ်ဆိုရင် Jewelry ပစ္စည်းတွေကို ထင်ရှားပေါ်လွင်စေပါတယ်။ ဘာလို့လဲဆိုတော့ ခရမ်းရောင်က ခန်းနားတင့်တယ်ခြင်း၊ တော်ဝင်ဖြစ်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့ကို ယနေ့ခေတ်အခါထိ ကိုယ်စားပြုလို့ဖြစ်ပါတယ်။ နောက်ဆို web site ဆွဲမယ်ဆိုရင် ကျွန်တော့်ကိုလာမေး ကျွန်တော်ကတော့ ပေါက်တက်ကရတွေပဲပြောလိုက်မှာပဲ… ဟဲဟဲ… ဒါပေမယ့် ကျွန်တော်ပြောလိုက်လို့ Jewelry Site ကိုခရမ်းရောင်သုံးဖြစ်တယ်ဆိုရင်တော့ ကျွန်တော့်ကို မုန့်ဝယ်ကျွေးဖို့မမေ့နဲ့ ဦးနော်
။
Colors in Advertising
ကျွန်တော်အပေါ်မှာလည်းပြောထားပြီးပြီ Color Theory For Web Design ဆိုပြီးတော့လည်း Post တစ်ခုတင်ပြီးပြီဆိုတော့ ကိုယ်ဆွဲရမယ့် Web Site က ဘယ်အရောင်က သင့်တော်တယ် မသင့်တော်ဘူးဆိုတာကတော့ပြောဖို့မလိုလောက်တော့ပါဘူး။ အမှန်တော့ web site ရဲ့ မှန်ကန်တဲ့ အရောင် ရွေးချယ်ခြင်းမှာ အရမ်းရိုးရှင်းတဲ့ စီးမျဉ်း စီးကမ်းတွေရှိပါတယ်။ ဒါပေမယ့် အရောင်ရွေးချယ်ချင်း အများစုကတော့ လူတစ်ယောက်ချင်းစီရဲ့စိတ်ခံစားမှု အခြေအနေနဲ့ ပါရမီပေါ်မှာမှုတည်ပြီး ပိုကောင်းလာတွေရှိတက်သလို၊ ပိုဆိုးသွားတာတွေလည်းရှိတက်ပါတယ်။ ပိုကောင်းသွားရင်တော့ အဲဒါကို ဖေါက်ထွက်ချင်းလို့ခေါ်ဆိုနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘောင်အပြင်ကိုကျော်ပြီး စဉ်းစားစေချင်ပါတယ်။
(You Must Think Out Of The Box !)
ခင်ဗျားဟာ Online မှာ Products တစ်ခုခုကိုရောင်းတော့မယ်ဆိုပါစို့ ဒါဆိုရင် ပထမဆုံးသိသင့်တဲ့အချက်ကတော့ online marketing မှာသုံးမယ့် အရောင်တွေရဲ့သတ်မှတ်ချက်တွေဖြစ်ပါတယ်။ အနီရောင်က တစ်ခုခုကို လုပ်တော့လို့ ကျွန်တော်တို့ စိတ်ကို လှုံဆော်ပေးပါတယ်။ အနီရောင်ကို မီးခိုးရောင်နဲ့ တွဲသုံးမယ်ဆိုရင်ခင်ဗျားရဲ့ ဖြစ်ချင်နေတဲ့ စိတ်ကို အရောက်ပို့ပေးပါတယ်။ ပြောချင်တာကတော့ မီးခိုးရောင်ကို Background သုံးပြီ အနီရောင်ကို button အနေနဲ့ သုံးပြီး Button ကိုနိုပ်ချင်စိတ်ပေါက်အောင် လုပ်ဆောင်ပေးနိုင်တယ်လို့ပြောချင်တာပါ။ အပြာရောင်က တုံ့ပြန်နိုင်မှုကို မြန်ဆန်စေခြင်း နှင့် သစ္စာရှိခြင်းတို့ကိုဖေါ်ဆောင်ပေးပါတယ်။ online business မှာတော့ အနီရောင်၊ အပြာရောင်တွေ ကို အာမခံတဲ့ ကြော်ငြာတွေမှာအများဆုံးမြင်တွေ့နိုင်ပါတယ်။ခင်ဗျားတို့တွေ့ဖူးမှာပါ 30 Days Money back guarantee ! တို့ဘာတို့ကိုပြောတာပေါ့ဗျာ။ အဖြူရောင်ကတော့ Professional ဖြစ်တဲ့ Business Site တွေမှာမြင်တွေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဖြူရောင်က Business လုပ်ငန်းတွေမှာ First Impression ဖြစ်ခြင်းကြောင့်ပါ။ ကျွန်တော်တို့ရဲ့ အချစ်တော် Microsoft Web Site မှာဆိုရင်အနီ၊အပြာ နဲ့ အဖြူရောင်တွေကိုဖေါဖေါသီသီ တွေ့ရမှာပါ။ ဘာလို့လဲဆိုတာကတော့ ပြောမနေတော့ပါဘူး၊ စဉ်းစားကြည့်ရုံနဲ့သိနိုင်ပါတယ်။
About Author
My name is chan min maung and my close friends call me phoe chan.Phoe chan is a one of the top professional web designers in Myanmar.Phoe chan was born in Myanmar West Bago Division,Pyay Town in 1983 .Phoe chan had got A.G.T.I (Information Technology) in Pyay Technological University.Phoe chan had created many tutorials such as Adobe Photoshop, Adobe Flash, Adobe Dreamweaver, HTML, XHTML, CSS, Javascript, PHP, WordPress, Joomla,CMS,web hosting service and web developement. Phoe chan is love the design and knowledge sharing.That is his hobby.
hi guy…
i like ur blog…coz.. i interested in color…
thanks for ur sharing and i still want to know more…
can u give me more information about color like E-book or something…
Ok
မှတ်သားဖွယ်ရာလေးတွေပါပဲခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။
မှတ်သားလောက်ပါတယ်ဗျာ ဒီလိုပိုစ်မျိုးဖတ်ရတာ မျက်စညောင်းရကြိုးနပ်တယ်ဗျာ .. တကယ်..
တစ်ကယ်ကျေနပ်ပါတယ်။နောက်ဇင်မာလဲ website design ဆွဲတော့မယ်ဆိုရင် အကို့ ကိုတိုင်ပင်မယ်နော်။ ပြောပြနိုင်မယ်လိုထင်ပါတယ်။