Complete Favicon Solution

ကျွန်တော်တို့တွေ ဟိုးအရင်တုန်းက icon လုပ်ချင်ရင် icon လုပ်တဲ့ Software ကိုသုံးရတယ်။Photoshop ကိုသုံးပြီး Design ဆွဲပြီးရင် Icon Creator Software (Axialis IconWorkshop) ကိုသုံးပြီး။ Icon တွေကို Generate လုပ်ရတယ်။ (Axialis IconWorkshop) ဆိုတာတော်တော်ကောင်းပါတယ် icon တွေသီးသန့်လုပ်တဲ့ Software ပါ။ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲလောက်မလိုဘူးလေ ကျွန်တော်က icon professional လုပ်တဲ့သူလည်းမဟုတ်တော့၊ photoshop မှာပဲ Design ဆွဲ ပြီးရင် photoshop မှာပဲ icon format နဲ့ Save ချင်တာ၊ အခုတော့ကျွန်တော့် ဆန္ဒတွေပြည့်သွားတယ် Myanmar IT Professional ရဲ့ ကိုစိုင်းရဲ့ post တစ်ခုမှာ photoshop ကနေ icon format နဲ့ Save လို့ရတဲ့ Extension ကိုပေးထားတယ်။ကျွန်တော်လည်းစမ်းသုံးကြည့်တယ် iconလုပ်ရတာတော်တော်လွယ်ကူသွားတယ်။ဒါနဲ့ Favicon ကိုအလွယ်လုပ်လို့ရတဲ့ Tutorial ကိုရေးဖြစ်သွားတာ။
Step (1)

ပထမဦးဆုံး Photoshop မှာ icon format နဲ့ save လို့ရအောင် icon format Plugin ကို download လုပ်ပါမယ်။ ဒီမှာ Download လုပ်ပါ။
icoformat.rar ရပါလိမ့်မယ် ပြီးရင် သူရဲ့ Read me ရဲ့ညွန်ကြားချက်အတိုင်းလုပ်ပါ။ညွန်ကြားချက်ကတော့ icoformat.8bi file ကို copy လုပ်ပြီး C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins\File Formats ရဲ့ Folder အောက်မှာ paste လုပ်ပါ။ photoshop ကိုဖွင့်ထားရင် photoshop ကို Restart လုပ်ပါ။ပြောချင်တာကဖွင့်ထားရင် ပိတ်ပြီးတော့ပြန်ဖွင့်ပါ။ ကျွန်တော်က photoshop CS 3ကိုသုံးထားလို့ C:\Program Files\Adobe\Adobe Photoshop CS3\Plug-Ins ဖြစ်နေတာပါ။တကယ်လို့ CS,CS2 or CS4 ဖြစ်နေရင်တော့ Adobe Photoshop CS3 ပြထားတဲ့နေရာမှာ photoshop CS,CS2 or CS4 ပြောင်းပေးလိုက်ပါ၊ ဒါဆို plugin ထားတဲ့ Folder ထဲကိုရောက်မှာပါ။ ကဲဒါဆိုနောက်တစ်ဆင့်ထက်တက်လိုက်ကျရအောင် :)

Step (2)

File name ကို Favicon လို့ထားပါ။ Favicon လို့ပေးရတာက web browser တွေရဲ့ Address bar ထိပ်မှာပေါ်စေချင်လို့ဒီနာမည်ပေးရတာပါ see this image

နောက်တစ်ဆင့်က တော့ icon လုပ်ကျမယ်ပေါ့ဗျာ ပထမဆုံး photoshop မှာ new file ယူSize က အောက်ကပုံမှာပြထားတဲ့အတိုင်း 16×16ယူလိုက်ပါ။ Color mode မှာ RGB ၊ Resolution မှာ 72 ထားပြီးEnter နိုပ်လိုက်တော့။ :)

Step (3)

New File ယူပြီးရင်တော့ စိတ်ကြိုက် icon design တစ်ခုကို ဖန်တီးပေတော့ ကျွန်တော်ကတော့ အလွယ်လုပ်လိုက်တယ်။ဒီလိုမျိုးလေးပေါ့

စိတ်ကြိုက်ဆွဲပြီးသွားရင် တော့ Save as မှာ icon format နဲ save ပါ။

နောက်ဆုံး favicon.ico file ကိုရပါမယ်။ ကဲ ကိုယ့် icon လေူးကို Address bar မှာပေါ်အောင်လို့နောက်တစ်ဆင့်တက်လိုက်ကျစို့။

Step (4)

ခင်ဗျားတို့တည်ဆောက်ထားတဲ့ HTML pages တွေရဲ့ Head tag အတွင်းမှာဒီ Code လေးကိုထဲ့ပါ။

<head>
<link rel=”shortcut icon” href=”favicon.ico” >
</head>

ပြီးရင် အခုဏလုပ်ထားတဲ့ Favicon.ico file ကို hosting ရဲ့ Root folder အောက်မှာ upload လုပ်ပါ။ အောက်ကပုံထဲကအတိုင်း upload လုပ်ပါ။ Hosting တော်တော်များများကတော့ root folder ဆိုတာ များသောအားဖြင့် public_html or htdocs folder ကိုပြောတာပါ။

ကျွန်တော်ကတော့ www.000webhost.com ကိုသုံးတယ်။ နည်းနည်း error များပေမယ့် user ကို hosting experience ပိုရတယ်။ ကျွန်တော်ကတော့ ဒီ Hosting ကိုပိုကြိုက်တယ် ဒီ Hosting ကိုသုံးပြီးရလိုက်တဲ့ experience ကတော့မနည်းဘူး အရင်တုန်းက www.byethost.com ကိုသုံးတာ။ error နည်းတယ် normal user တွေကတော့ www.byethost.com နဲ့ပိုအဆင်ပြေပါလိမ့်မယ်၊ တကယ်လို့ www.000webhost.com ကိုသုံးရင်လည်းကျွန်တော့် စီမှာ အကူအညီတောင်းလို့ရပါတယ် ကျွန်တော်လည်းသိသလောက်ဖြေပေးပါ့မယ် :)

Animated Favicon လုပ်ချင်ရင်

တစ်ချို့ favicon တွေမှာ တွေ့ဘူးမှာပါလုပ်နေတာလေ မမြင်ဘူးရင်လည်းဒီမှာကြည့်
အဲလိုလုပ်ချင်ရင် Head tag ကြားထဲမှာ ဒီ code လေးထဲ့လိုက်ပါ။

<link rel=”shortcut icon” href=”favicon.ico” >
<link rel=”icon” href=”animated_favicon.gif” type=”image/gif” >

ကျွန်တော်ကတော့ Adobe Flash ကိုသုံးပါတယ်။ ခင်ဗျားတို့ စိတ်ကြိုက် Animation Software သုံးပြီး GIF format နဲ့ လုပ်ပါ။ဒါဆိုရင် animation ပါတဲ့ favicon ရမှာပါ။ file size ကတော့ 16×16 ဖြစ်ပါတယ်။ file name ကို animated_favicon.gif ပေးလိုက်ပါ။ပြီးရင် hosting ရဲ့ Root folder အောက်မှာ upload လုပ်ပါ။ဒါဆိုရင် animated favion လေးရမှာပါ။ ကံဆိုးတာကတော့ Internet Explore မှာ animated favicon တွေဟာ မ run ပါဘူး။

Beautiful Icon Collection

ကျွန်တော် online မှာ ဖတ်နေကျ magazine တစ်ခုရှိပါတယ်။ http://www.smashingmagazine.com/ ဖြစ်ပါတယ်။ အဲဒီမှာ icon လှလှလေးတွေ free ပေးတဲ့ site တွေကို စုဆောင်းပေးထားပါတယ်။ icon လှလှလေးတွေကို download လုပ်နိုင်စေဖို့ ဒီမှာ ဝငိကြည့်လိုက်ပါ။ View Detail »

Favicon မပေါ်လျှင် Troubleshooting လုပ်ဆောင်ချက်

(၁) Favicon က upload လုပ်တိုင်းချက်ချင်းမပေါ်တက်ပါဘူး၊ အနည်းဆုံး၎နာရီလောက်နေ တစ်ခါတစ်လေ ၄ရက်လောက်ကြာတက်ပါတယ်။ Browser ကို လည်း cache ရှင်းပေးပါ။ Cache ရှင်းတာကတော့ ထုံးစံအတိုင်း (Ctrl + F5) ပေါ့ဗျာ။

(၂) favicon file name ကိုသေချာစစ်ဆေးပါ (favicon.ico) name ဖြစ်ရပါမယ်။

(၃) favicon file size က 16×16 ဖြစ်ရပါမယ်။

(၄) index.html file နဲ့ အခြား html files တွေ မှာ <link rel=”shortcut icon” href=”favicon.ico” > code ကို head tag (<head>…….. </head>) ထဲမှာထည့်ရေးရပါမယ်။
wordpress မှာဆိုရင်တော့ index.html header.php file မှာရေးရင်လုံလောက်ပါတယ်။

ကဲပျော်ရွှင်နိုင်ပါစေဗျာ :)

About Author

My name is chan min maung and my close friends call me phoe chan.Phoe chan is a one of the top professional web designers in Myanmar.Phoe chan was born in Myanmar West Bago Division,Pyay Town in 1983 .Phoe chan had got A.G.T.I (Information Technology) in Pyay Technological University.Phoe chan had created many tutorials such as Adobe Photoshop, Adobe Flash, Adobe Dreamweaver, HTML, XHTML, CSS, Javascript, PHP, WordPress, Joomla,CMS,web hosting service and web developement. Phoe chan is love the design and knowledge sharing.That is his hobby.


Tags: , ,

5 Responses to “Complete Favicon Solution”

  1. Tauk Tun Win 19. Mar, 2009 at 6:39 am #

    Thank you. . .

  2. Ma Zar 22. Mar, 2009 at 9:20 pm #

    မောင်လေးရေ

    ဒီBlogထဲကစာလေးဖတ်ပြီးအချိန်တိုလေးအတွင်းမှာ
    ဖန်းတီးခွင့်ရတဲ့အတွက်ကျေးဇူးပါဘဲကွယ်

    ကျေးဇူး
    :)

  3. gunner 29. Apr, 2009 at 10:12 pm #

    တကယ်ကို tutorial လေးက တန်ဖိုးရှိတွားပီ…ကျေးဇူး

  4. Hmangyi 13. Jun, 2009 at 2:31 am #

    အချိန်ရရင် Tutorial များများရေးပေးပါအုံး။
    ကျေးဇူးအများကြီးတင်ပါတယ်။

  5. zinmar 29. Mar, 2010 at 2:31 am #

    ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုမျိုးလက်တွေ့စမ်းသပ်ခွင့်ရအောင်လို့ေ၇းပေးတာကျေးဇူးတင်ပါတယ်။နောက်ကို လည်းဗဟုသုတရ စေမယ့်အရာလေး တွေကိုများများရေးပေးပါနော်။အကြံတစ်ခုလောက်ပေးချင်ပါတယ်။ link တွေပေးရင် user friendly ဖြစ်အောင်အဆင့်ဆင့်ရေးပေးပါ နော်။ ဥပမာ download လုပ်ခိုင်းတဲ့နေရာမှာ ဘယ် စာမျက်နှာရဲက ဘယ်အောက်မှာ ရှိတယ်ဆိုတာမျိုးပေါ့။စေတနာနဲ့အကြံအဥာဏ် ပေးတာပါနော်။
    ရေးထားတဲကစာတွေအရမ်းကောင်းတယ် တို့လည်းဗဟုသုတရ တယ်။နောက်လည်းများများရေးပေးပါနော်။

Leave a Reply